Sunday, September 6, 2015

လိမ္မော်ရည် သောက်သုံးခြင်းဟာ လူကြီးတွေရဲ့ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးနို

နေ့စဉ် လိမ္မော် ဖျော်ရည် သောက်သုံးခြင်းဟာ အသက်ကြီးတဲ့သူတွေအတွက် ဦးနှောက်ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်လို့ သုတေသန တစ်ခုက အခိုင်အမာဆိုလိုက်ပါတယ်။

အဲဒီလို လိမ္မော်ရည်နေ့စဉ်သောက်သုံးခြင်းဟာ မှတ်ဥာဏ် ၊ စကားပြောခြင်းနဲ့ တန့်ပြန်မှု တို့မှာ ၂ လ အတွင်း သိသိသာသာ တိုးတက်လာစေနိုင်တယ်လို့ ထို သုတေသန အရ သိရပါတယ်။

သိပ္ပံပညာရှင်တွေတွေ့ရှိခဲ့တာကတော့ ဒါဟာ Flavonoids လို့ခေါ်တဲ့ ဓါတုဗေဒ ပစ္စည်းတစ်မျိုးကြောင့်ပဲ ဖြစ်ပါတယ်။ ထို ဓါတုဗေဒ ပစ္စည်းကို လိမ္မော်သီးတွေထဲမှာ ပမာဏ များများတွေ့ရတယ်လို့လည်း သိရပါတယ်။

ထို Flavonoids ဟာ ဦးနှောက်ရဲ့ သင်ကြားမှုနဲ့ မှတ်ဥာဏ်တို့ကိုလုပ်ဆောင်တဲ့ အပိုင်း Hippocampus ကို အချက်ပြခြင်းနဲ့ လှုံ့ဆော် ပေးတဲ့အတွက် ဦးနှောက်ရဲ့ စွမ်းရည် ကို မြှင့်တင်ပေးနိုင်တာဖြစ်တယ်လို့ သုတေသီတွေ ကဆွေးနွေးခဲ့ကြပါတယ်။

Reading တက္ကသိုလ်က သုတေသီအဖွဲ့ဟာ အသက် ၆၀ ကနေ အသက် ၈၁ နှစ်ကြားမှာရှိတဲ့ အမျိုးသမီး ၂၄ ယောက်နဲ့ အမျိုးသား ၁၃ ယောက်ကို ၈ ပတ် တိတိ နေ့စဉ် လိမ္မော်ရည် ၅၀၀ မီလီလီတာ သောက်သုံးစေပြီး လေ့လာကြည့်ခဲ့ရာမှာ ၈ ပတ်အကြာမှာ သူတို့ရဲ့ ဦးနှောက်ထဲက စွမ်းရည်ပိုင်းဆိုင်ရာတွေမှာ တိုးတက်မှုတွေရှိလာတာကိုတွေ့ခဲ့ရပါတယ်။

သူတို့ရဲ့ မှတ်ဥာဏ်တွေ ၊ တုန့်ပြန်မှု တွေနဲ့ စကားပြောတဲ့ အရည်အသွေးတွေဟာ လေ့လာမှု မစခင်မှာနဲ့ လေ့လာမှု အပြီးမှာ ကွာခြားမှုတွေရှိလာခဲ့ပါတယ်။ သူတို့ရဲ့ ဦးနှောက်စွမ်းရည်တွေဟာ ၂ လအတွင်း ၈ ရာခိုင်နှုန်းတိုးတက်လာတာကို တွေ့ရပါတယ်။

လူကြီးတွေကို နေ့စဉ် လိမ္မော်ရည် တစ်ပိုင့်ခန့် သောက်သုံးပေးဖို့ တိုက်တွန်းနေစရာမလိုပေမယ့် လိမ္မော်ရည်ဟာ လူကြီးတွေရဲ့ မှတ်ဥာဏ်ကို ကောင်းမွန်လာစေနိုင်တာကိုတော့ လူကြီးတွေသိထားဖို့လိုအပ်တယ်လို့ သုတေသီတွေကဆိုကြပါတယ်။

( Mario )

No comments:

Post a Comment