Tuesday, September 1, 2015

ရိုမီယို ဂျူးလိယက်တို့ လားရာ

ရင်ဘတ်မှာလည်း မြှားတစင်း
နံကြားမှာလည်း မြှားတစင်း
နောက်ကျောမှာလည်းမြှားတစင်း
ဒါပေမယ့် ငါက အသက်ပြင်းတယ်။

နောက်ဆုံးအသက်ကို အပြတ်ရှင်းမယ့်မြှား
ငါမြင်နိုင်စွမ်းတောင် ရှိပါဦးမလား။

ငါရှင်လျက်နဲ့ သေတော့မယ်
ဘယ်လိုလူ့ငရဲမှာ ငါလားဦးမလဲ။

အက်ဆစ်ချိုတွေသောက်သုံး
ငါတလျှောက်လုံး ပူဇော်ခဲ့တာကတော့
ကိုးကွယ်သူုတွေကို ငရဲချတတ်တဲ့ ဘုရား

No comments:

Post a Comment