အတိတ်ကို မြှပ်နှံဖို့
ပစ္စုပ္ပန် ကို ခြေကျွံ ခဲ့တယ်
အဖြူထည်တစ်ခုရဲ့ သမိုင်းမှာ
အရောင်ဆိုးခံရမှုပေါင်းလည်း မနည်းဘူး
နေ နမ်းမှ လန်းတာ ပန်းနေကြာ ပါ
ဆူးရှိတဲ့ ပန်းအတွက်
ခံစားချက်မဲ့တဲ့ ဒီအနမ်း
တွေးကြည့်ရုံ သက်သက်တောင်
စိတ်ပျက် ဖို့ကောင်းတယ်
ဘယ်မလဲ အချစ် ???
ဒီခေတ် မေတ္တာ စစ်တွေ ရှားနေတယ်
အနမ်းမဲ့ နှင်း
No comments:
Post a Comment