ငါ့……နေ့သစ်ရဲ့ မနက်ခင်းမှာ
မျက်ဝန်းအစုံကို ဖွင့်လိုက်ကတည်းက မင်းပုံရိပ်နဲ့ နှိုးထခဲ့ရတယ်……
ကျေးငှက်တို့ရဲ့ တေးဆိုသံများ
သာယာနေရင်း…
အလွမ်းသီချင်းတွေ ညည်းခဲ့မယ့်
ငါ့ နင်ကို လွမ်းနေဆဲပါ……။
အလွမ်းပန်းရိုင်းတွေ ပွင့်နေမယ်
ဒီရင်ထဲမှာ အားယူ ပွင့်ဝေနေပုံများ
နင်ကို မြင်စေချင်လိုက်တာကွယ်…
အလွမ်းတွေနဲ့ နေ့သစ်ကို
ငါ့ဖြတ်သန်းမိပါတယ်……။
အဲဒီလို့နဲ့…တစ်ယောက်တည်းလွမ်း
အတွေးရဲ့ စိတ်ကူးက ဟိုတစ်နေရာ
ဆွေးငေးခဲ့တဲ့ ငါ့အတွက်
မင်းက ပြန်လာဖို့ရန်
အခြေအမြစ်မရှိတော့ဘူးကွယ်……။
တိတ်တဆိတ်လေးပါပဲ……
မင်းကို လွမ်းရတဲ့အခါ……
ငါ့ မျက်ရည်တွေ မြေပြင်ပေါ်သို့ ကျရောက်
အိပ်မက်လမ်းကလေးမှာ……
ကျော့ခိုင်းရပြန်ပြီးလေ……။
နှုတ်ဆက်ထားခဲ့တဲ့ တို့နှစ်ယောက်အတွက်
မင်းရဲ့ တစ်နေရာမှာ
ငါ့အပြုံးတို့ ကျန်ရစ်လို့ကောင်းပါရဲ့ကွယ်…။
စိတ်ကူးတွေ…ခရေလို့ ဝေတဲ့ နေ့သစ်မှာ
ငါ့ နင်ကို လွမ်းဆွေးမိတိုင်း
ကဗျာအပိုင်းအစနဲ့ စိတ်ဖြေမယ်…။
ချစ်သူရေ………အခုဆိုရင် ငါ့လေ
မျက်ရည်တစ်စက် အလွမ်းတစ်ခွက်နဲ့
ငါ့ ရင်ဘတ်နဲ့ အလွမ်းကဗျာကို
ရေးချပြမယ်…။
အတိတ်ဆီက……
မင်းပုံရိပ်ရဲ့ အကြည့်တစ်ချက်
ငါ့နေ့သစ်တစ်ခုရဲ့
အလွမ်း ကဗျာပါကွယ်……
Monday, August 31, 2015
Saturday, August 29, 2015
အိန္ဒိယသမ္မတပြောသွားတဲ့ မင်းနိုင်ငံအတွက် အချိန်၁၀မိနစ်ရမှဒီစာကိုဖက်ပါ
မင်္ဂလာပါ...
မြန်မာနိုင်ငံ က လူတွေ အတွက် လည်း
တိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတို့
အချိန်ယူပြီး ဖတ်စေချင်တယ်။ အချိန်
နည်းနည်းပေးပြီးဖတ်ပေးပါ။
ဒီစာကို ဖတ် ပြီးသွားရင် သူငယ်ချင်းတို့ရဲ့ စိတ်ထဲမှာ ကိုယ့်တိုင်းပြည်အတွက် ငါတို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေ ဆိုတာ သဘောပေါက်လာလိမ့်မယ်။ တာဝန် သိစိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။
အိန္ဒိယသမ္မတပြောတဲ့ မိန့်ခွန်းထဲက လက်ရှိမြန်မာလူမျိုး အတော်များများရဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေတဲ့ အကြောင်းလေးပါ။ သဘောတူတယ် သဘောကျ တယ် နှစ်သက်တယ်ဆိုရင် ကျန်တဲ့လူတွေ သိအောင်ရှဲးပေးစေချင်ပါတယ်။ အခုလို ပြောထားပါတယ်။
" မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀မိနစ်ရမလား..?
ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ…
အချိန်မရှိရင်တော့ မင်းသဘောပဲ…။
အိန္ဒိယသမ္မတ:
"တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေမထိရောက်ဘူး မင်းပြောတယ်။ တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး။
မင်းပြောတယ်…စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး
မင်းပြောတယ်….ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို့
မင်းပြောတယ်… မီးရထားဆိုတာ ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ
အဆိုးဆုံး…စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…တို့တိုင်းပြည်မှာ
အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့
မင်းပြောတယ်… မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး။
မင်းကရောဘာတစ်ခုလုပ်လဲ…? ကောင်းပြီ..မင်းစင်ကာပူကိုရောက်တဲ့အခါကျတော့...
စင်ကာပူကလမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး..စတိုးဆိုင်မှာ မုန့်မစားရဲဘူး..
ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ်ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ
မင်းပေးတယ်… အဲ့လိုစင်ကာပူမှာ မင်းတစ်ခုခုများပြောလား..ပြောခဲ့လား…?
ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား…
မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား.. ၀ါရှင်တန်မှာ တစ်နာရီ
၅၅မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား… မောင်းမိလို့ ရဲလာဖမ်းရင်
ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို
မင်းပြောရဲလား…. အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား
အုန်းခွံတွေကို တွေ့ကရာမင်းလျှောက်ပစ်ရဲလား….
တိုကျိုကလမ်းတွေပေါ်မှာမင်းကွမ်းတံတွေးလျှောက်ထွေးရဲလား။ဒါတွေက မင်း
ကိုမေးနေတာ။
သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျလေးစားလိုက်နာနိုင်ပြီးကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကိုမလေးစား စည်းကမ်းပျက်တတ်တဲ့မင်းကိုပဲ မေးနေတာ။
အိန္ဒိယမြေကို စနင်းပြီဆိုတာနဲ့စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့
မင်းလိုလူတွေကို မေးနေတာ။
တခြားတိုင်းတပါးမှာစည်းကမ်းလိုက်နာလေးစားတတ်ခဲ့တဲ့မင်းက ကိုယ့်မွေး
ရပ်နိုင်ငံမှကျတော့ ဘာလို့ပုံစံအတူတူမလုပ်နိုင်ရတာလဲ
အင်တာဗျူးတစ်ခုမှာအငြိမ်းစားဘုံဘေမြို့စည်ပင်အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွား
လဲသိလား။လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး
လမ်းတွေပေါ်မှာ ခွေးအညစ်အကြေးတွေထားခဲ့ကြတယ်။
ပြီးတာ့ အဲ့လူတွေကပဲတစ်ခါပြန်ပြီး ညစ်ပေနေတဲ့လူသွားလမ်းတွေအတွက် တာဝန်ရှိသူ
အဖွဲ့အစည်းတွေညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်… တာဝန်ရှိသူတွေကို
သူတို့ကဘယ်လိုလုပ်ပေးစေချင်တာလဲ။
သူတို့ခွေးတွေနောက်ကနေတံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှ
အညစ်အပတ်တွေကိုတကောက်ကောက်လိုက်ရှင်းပေးစေချင်တာလား။
အမေရိကားမှာကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေ
သန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်..ဂျပန်မှာလဲဒီလိုပဲ… ဒီ အိန္ဒိယကလူတွေ
အဲ့လိုလုပ်လား..? တို့လူတွေကကျတော့ မဲပေးပွဲသွား။ မဲလေးပေးပြီး..ဖြစ်သမျှ
အကုန်ကို တာဝန်လွှဲချခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ။
ကိုယ်ကိုယ်တိုင်ကဘာတာဝန်မှမရှိသလိုနေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီး
ခခွေးကအစ လိုက်ဖြေရှင်းပေးဖို့ထိုင်မျှော်လင့်နေကြတယ်။
ကိုယ်တိုင်ပါဝင်အားဖြည့်မှု သုည…. အမှိုက်လေးတွေ
ကြုံသလိုလျှောက်ပစ်ရင်း မြို့တော်သာယာလှပဖို့ အာဏာပိုင်တွေကို
ထိုင်စောင့်နေကြတယ်။ အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို
အမှိုက်ပုံးလေးထဲရောက်အောင်ထည့်လိုက်ဖို့တော့မသိချင်ယောင်ဆောင်ထားတယ်။
ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ
ထားပေးစေချင်ကြတယ်..ဒါပေမဲ့ အဲဒီ့သန့်စင်ခန်းတွေကို
ကျကျနနဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး။
အိန္ဒိယအဲလိုင်းတွေမှာအကောင်းဆုံးအစားအသောက်တွေ ရေအိမ်တွေရှိစေချင်ကြတယ်။
ဒါပေမဲ့လစ်ရင်လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး။
ကဲ..ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်းအတွက်
ဘယ်သူ့မှာ တာဝန်ရှိတာလဲ။
ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ…အဲဒီ့စနစ်ကြီးမှာ ဘယ်သူတွေ ပါဝင်လှုပ်ရှား
လည်ပတ်နေတာလဲ။ကိုယ့်အိမ်ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြား
အဖွဲ့အစည်းတွေနဲ့ အစိုးရအကုန်လုံးပါဝင်နေတာမဟုတ်ဘူးလား။
ဒါပေမဲ့ သေချာပါတယ်..တကယ်တမ်းလက်တွေ့ကျကျ ပါဝင်ပြောင်းလဲလုပ်ဆောင်
ရမယ့်အချိန်ကျတော့ အားလုံးကကိုယ့်မိသားစုလေးနဲ့အတူတူစိတ်ချလုံခြုံတဲ့အိမ်လေး
ထဲအတူတူထိုင်နေကြပြီး ပြတင်းပေါက်ကနေခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ။
သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး
အာလုံးကိုနေရာတကျပြန်ဖြစ်သွားအောင်လှဲကျင်းရှင်းလင်းပြောင်းလဲပေးသွားလိမ့်မယ်လို့
မျှော်လင့်ရင်လဲ မျှော်လင့်နေကြမှာပေါ့။
ဒါမှမဟုတ်လဲ တတ်နိုင်သူတွေကတခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လဲသွားလိမ့်မယ်…. ဘာနဲ့တူလဲဆိုတော့အမဲလိုက်ခွေးကြီးလက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့
သူရဲဘောလေးတွေလိုပဲ။
သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ်လို့ထင်ရတဲ့အမေရိကားရဲ့ ဂုဏ်သရေတော်အောက်
မှာနေပူစာလှုံခွင့်တောင်းခံကြပြီးအမေရိကားရဲ့ လူနေမှုစနစ်တွေကို တဖွဖွချီးမွန်းခန်းဖွင့်နေကြလိမ့်မယ်။
အဲ့လိုနေရင်းနဲ့မှာ နယူးယောက်က မလုံခြုံဘူးလို့ ခံစားလာရရင်အင်္ဂလန်ကိုဆက်ပြေးကြ
အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင်ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး... ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့လူမှုကယ်တင်ရေးအစီအစဉ်နဲ့ အိန္ဒိယကိုပြန်ပို့ပေးဖို့ တောင်းဆိုကြ။
ကိုယ့်နိုင်ငံရဲ့စနစ် ခေတ်ကို အားပြည့်တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး
မစဉ်းစားချင်ကြဘူး။
အကောင်းအဆိုးပိုင်းခြားနိုင်တဲ့အသိဥာဏ်ကို ငွေကြေးပကာသနတွေနဲ့
အပေါင်ခံထားကြလိုက်သလိုဖြစ်နေတယ်။၃၅ ယောက်မြောက်အမေရိကန်သမ္မတ
J F Kennedy ကသူ့နောက်လိုက်အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ
နိဂုံးချုပ်လိုက်မယ်။
“DO NOT ASK WHAT YOUR COUNTRY DO FOR YOU.. ASK WHAT YOU CAN DO FOR YOUR COUNTRY..”
"တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား.. တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ" ….တဲ့……။ "
Credit: Saungpar.com

Friday, August 28, 2015
ကိုယ့်အားကိုကိုးသောမိန်းကလေးသည်အလှဆုံး
ကိုယ့်အားကိုယ်ကိုးသောမိန်းကလေးသည် အလှဆုံးမိန်းကလေး
___
မိန်းကလေးတစ်ယောက်မှာ ကိုယ်ပိုင်အလုပ်တစ်ခုတော့ ရှိသင့်တယ်။
သင့်အပြင်ပန်းက ဘယ်လိုပဲဖြစ်နေပါစေ၊
သင့်မိသားစုက ဘယ်လောက်ပဲချမ်းသာနေစေ၊
သင့်မှာ ကိုယ်ပိုင်ဝင်ငွေရှိတဲ့ အလုပ်တစ်ခုတော့ရှိသင့်တယ်။
သင့်မှာ ငွေမလိုအပ်သည်ဖြစ်စေ၊
သူဌေးကြီးတစ်ယောက်ကို သင်ရထားသည်ဖြစ်စေ၊
သင့်ကို ခြေမွေးလက်မွေးမီးမလောင်အောင် ထားနိုင်သူရှိစေ၊
အလုပ်တစ်ခုဆိုတာ သင့်ကို ဝင်ငွေရှိစေရုံတင်မက
သင့်ကို ကိုယ့်အားကိုယ်ကိုးလိုစိတ်၊ အမှီအခိုကင်းတဲ့စိတ်ဓာတ်ကိုပါ ပေးပါတယ်။
သင်ရတဲ့ဝင်ငွေက နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊
အနည်းဆုံးတော့ သင့်အတွက် အပေါင်းအဖော်ဆိုတာရှိလာတယ်၊
နေ့ရက်တိုင်း အိမ်မှုကိစ္စ၊ လင်ယောက်ျား၊ သားသမီးနဲ့ လုံးချာလည်လိုက်နေတာမျိုးက ကြာလာလေ သင့်ကိုယ်သင် ပျောက်ဆုံးလာစေလေပါပဲ၊
အချိန်ကြာလာတာနဲ့အမျှ ပတ်ဝန်းကျင်ကနေ၊ ဒီလောက,ကနေ သင်ချော်ထွက်သွားနိုင်ပါတယ်။
အမှီအခိုကင်းတဲ့ဘဝကမှ ထက်မြက်တဲ့မိန်းမသားတို့ရဲ့ရွေးချယ်ရာပါ၊
ရုပ်လှတာထက် ဘဝမှာ လှလှပပရှင်သန်နိုင်တာကမှ တကယ့်အရည်အချင်းဖြစ်တယ်။
ကိုယ့်အားကိုယ်ကိုးတဲ့မိန်းကလေးက အလှဆုံးမိန်းကလေးဖြစ်တယ်

နင်သိစေဖို့ပါ
ချစ်တယ်လို့ ပြောခွင့်မရှိတဲ့နှုတ်ခမ်း
လွမ်းတယ်လို့ ပြခွင့်မရှိတဲ့ “မျက်ဝန်း”
ဆန္ဒတွေကို အကောင်အထည်မဖေါ်နိုင်တဲ့ ဘ၀နဲ့စာရင် သေသွားတာကမှ ပိုကောင်းလိမ့်မယ်ထင်တယ်...
ဒါပေမယ့်လေ...
အချစ်ဆိုတာ
လူသိရှင်ကြးဖြစ်ဖို့မှ မလိုလှဘဲ
တိတ်တိတ်လေး ချစ်နေတာဟာလည်း
အချစ်ပါပဲနော်...
အဓိကက ကိုယ်ကချစ်နေဖို့
ကိုယ်ချစ်တာသူကသိနေဖို့
မှမလိုပဲ.....

ချစ်သူအတွက်
ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ
မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ
မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေမင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်
မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ
ချစ်သူ….မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
မခန့်မှန်းနိုင်ပေမယ့်
ကိုယ်ကတော့
သစ္စာဆိုရဲပါတယ်
ကိုယ်မင်းကို သိပ်ချစ်တ

Thursday, August 27, 2015
သံယောဇဉ် ချစ်သူ
သံယောဇဉ် ဆိုးတာကိုကကိုယ်ထက်ပိုပြီးသူကိုပိုချစ်လို့ သံယောဇဉ် ဖြစ်မိတာပါ...
သူကကိုယ်ကိုနာကြင်အောင်လုပ်မိသွားရင်တော့ ....သူကိုမုန်းတာထက့်ပိုပြီး.....
စိတ်နာတယ်.........
သံယောဇဉ် ဆိုးတာကိုအများကြီးမထာပါနဲ့
သံယောဇဉ် ထာရင်...သံယောဇဉ် နဲ့ပဲပြန်ခံစာရတယ်
ဘဝအေးချမ်းပါစေ သံယောဇဉ် ချစ်သူ.......

Wednesday, August 26, 2015
အပြစ်ဖြစ်သွားသောအချစ်
အချစ်တွေအများကြီးထားနေပေမယ့်
အချစ်ဆုံးက "နှင်း " ပါတဲ့
ပြောသမျှခေါင်းညိတ်ယုံပေးခဲ့တဲ့
ပုတ်သင်ညိုလို ငါ့ဦးခေါင်းရယ်
ဆွဲထားနိုင်ဖို့ အင်အားမရှိတဲ့
ခွင့်လွှတ်နားလည်ခြင်း လက်တစ်စုံရယ်
ဆန္ဒ တိုင်းကိုပိတ်လှောင်သိမ်းထားလိုက်တဲ့
ဦးစားပေး အချစ်စိတ်တွေရယ်
တကယ်တမ်းအပြစ်တင်ကြေးဆိုရင်
ချစ်သလောက်ခွင့်လွှတ်ပေးနေချင်တဲ့
ငါ့ရင်ခွင်ကိုသာ အပြစ်တင်သွားပါကွယ်
ချစ်နှင်း
အချစ်ဆုံးက "နှင်း " ပါတဲ့
ပြောသမျှခေါင်းညိတ်ယုံပေးခဲ့တဲ့
ပုတ်သင်ညိုလို ငါ့ဦးခေါင်းရယ်
ဆွဲထားနိုင်ဖို့ အင်အားမရှိတဲ့
ခွင့်လွှတ်နားလည်ခြင်း လက်တစ်စုံရယ်
ဆန္ဒ တိုင်းကိုပိတ်လှောင်သိမ်းထားလိုက်တဲ့
ဦးစားပေး အချစ်စိတ်တွေရယ်
တကယ်တမ်းအပြစ်တင်ကြေးဆိုရင်
ချစ်သလောက်ခွင့်လွှတ်ပေးနေချင်တဲ့
ငါ့ရင်ခွင်ကိုသာ အပြစ်တင်သွားပါကွယ်
ချစ်နှင်း
အချစ်မဲ့အနမ်း
အတိတ်ကို မြှပ်နှံဖို့
ပစ္စုပ္ပန် ကို ခြေကျွံ ခဲ့တယ်
အဖြူထည်တစ်ခုရဲ့ သမိုင်းမှာ
အရောင်ဆိုးခံရမှုပေါင်းလည်း မနည်းဘူး
နေ နမ်းမှ လန်းတာ ပန်းနေကြာ ပါ
ဆူးရှိတဲ့ ပန်းအတွက်
ခံစားချက်မဲ့တဲ့ ဒီအနမ်း
တွေးကြည့်ရုံ သက်သက်တောင်
စိတ်ပျက် ဖို့ကောင်းတယ်
ဘယ်မလဲ အချစ် ???
ဒီခေတ် မေတ္တာ စစ်တွေ ရှားနေတယ်
အနမ်းမဲ့ နှင်း
ပစ္စုပ္ပန် ကို ခြေကျွံ ခဲ့တယ်
အဖြူထည်တစ်ခုရဲ့ သမိုင်းမှာ
အရောင်ဆိုးခံရမှုပေါင်းလည်း မနည်းဘူး
နေ နမ်းမှ လန်းတာ ပန်းနေကြာ ပါ
ဆူးရှိတဲ့ ပန်းအတွက်
ခံစားချက်မဲ့တဲ့ ဒီအနမ်း
တွေးကြည့်ရုံ သက်သက်တောင်
စိတ်ပျက် ဖို့ကောင်းတယ်
ဘယ်မလဲ အချစ် ???
ဒီခေတ် မေတ္တာ စစ်တွေ ရှားနေတယ်
အနမ်းမဲ့ နှင်း
မရှိသောအရာနဲ့ကဗျာရေးဖွဲ့သူ
အချစ်တွေကို စုထားဖို့ ရင်ခွင်တစ်ခုမရှိဘူး
အပြုံးတွေကို ဖွင့်ဟဖို့ နှုတ်ခမ်းတစ်စုံမရှိဘူး
ကဗျာတွေကို ချရေးဖို့ စံထားရတဲ့ အတွေးမရှိဘူး
အချိန်တွေကို ရပ်တန့်ဖို့ နာရီလက်တံ တစ်ခုမရှိဘူး
အရောင်တွေကိုခွဲခြားဖို့ အာရုံခံ စုတ်တံ မရှိဘူး
အတွေးကောင်းကင်ကို ပျံတက်ဖို့ အနာဂတ်ေ တာင်ပံတစ်စုံမရှိဘူး
ချစ်သူအငြိုးတွေ ပြေစေဖို့ အကြင်နာမိုးတွေမရွာသွန်းတတ်ဘူး
ပိုင်ဆိုင်အပ်သမျှအရာတွေထဲမှာ
သက္ကရာဇ် တစ်ခု
လူတစ်ယောက်
ချန်ထားရစ်ခဲ့တဲ့ လက်တစ်စုံ
နောက်
မရှိသောအရာတွေနဲ့
ကဗျာတွေရေးဖွဲ့ ခဲ့တယ်
အကြင်နာနှင်းဆီ...ငါ ရူးသွပ်သူ တစ်ယောက်များဖြစ်နေပြီလား.

ကြိုး
ခပ်ယဲ့ယဲ့ စကားတွေနဲ့
အခုဆို
ငါ
ဘယ်သူ့ကိုမှ
မချည်နှောင်တော့ဘူး
တကယ်တော့
ငါ့မှာ ကြိုးဆိုတာ မရှိခဲ့လို့ပါ
ချည်ရန်ထက် ဖြည်ရန်ခက်မယ့်
ဒီစက်ကွင်းကနေ
ငါ
လွတ်ကင်းခဲ့တာကြာပြီ...
အခုဆို
ငါ
ဘယ်သူ့ကိုမှ
မချည်နှောင်တော့ဘူး
တကယ်တော့
ငါ့မှာ ကြိုးဆိုတာ မရှိခဲ့လို့ပါ
ချည်ရန်ထက် ဖြည်ရန်ခက်မယ့်
ဒီစက်ကွင်းကနေ
ငါ
လွတ်ကင်းခဲ့တာကြာပြီ...
ငါသိတဲ့ငါ
ငါ့ကိုယ်ငါ ပြန်ချစ်တတ်တဲ့ အခါ သူတပါးကို ချစ်မိလို့
ကျခဲ့ တဲ့ မျက်ရည်တွေအတွက် ငါ ရှက်တယ်
ငါ့ ကိုယ်ငါ တမ်းတ တတ်တဲ့ အခါ သူတပါးကို လွမ်းဆွတ်လို့
မျှော်ခဲ့မိတဲ့ နေ့ ရက်တွေအတွက် ငါ ရှက်တယ်
ငါ့ကိုယ်ငါ နာကြည်းတဲ့အခါ သူတပါးကို ညာဖြီးပြီး
မုန်းတီးခဲ့တဲ့ နေ့ရက်တွေအတွက် ငါရှက်တယ်
ငါ့ကိုယ်ငါ လိုက်လျောမိတဲ့အခါ ပိုက်တားထားမှန်းသိရက်နဲ့
ဝင်တိုးခဲ့တဲ့ အဖြစ်ပျက်တွေအတွက် ငါရှက်တယ်
ငါ့ကိုယ်ငါ နားလည်လာတဲ့အခါ ဘ၀မှာ အဖြေရှာမတွေ့ခဲ့ တဲ့
ပုစ္ဆာတွေ အတွက် ငါရှက်တယ်
တကယ်တော့............
ငါကိုယ်တိုင် ဖတ်ဖို့
ငါ့အကြောင်းငါ
ချမရေးရဲဘူး
အော် !
ဘာ ကောင်းတာများရှိလို့ လဲ ????

လျှပ်တစ်ပြတ်ရိုက်ချက်
ကိုယ် မင်းကို မြတ်မြတ်နိုးနိုးချစ်နေပြီတဲ့
ဟင် !
ကြားလိုက်တာတော့ မြိုးမြိုးမြတ်မြတ် ချစ်နေပြီဆိုလား
no no.....
love scene တွေ ရိုက်ဖို့
ငါ အတွေး မရှိသေးဘူး
ဒါကြောင့် အဲဒီ အခန်းကို ဆင်ဆာဖြတ်မယ်

- ကတ်
Subscribe to:
Posts (Atom)